ဘာသာရေးဗဟုသုတ



ဗုဒ္ဓနေ့ ပဟေဠိအတွက် လေ့လာထားရမည့် အချက်များ
စဉ်
အမေး
အဖြေ
ခရစ်သက္ကရာဇ် ဘယ်နှစ်ခုနှစ်မှာ ဗုဒ္ဓဖွားမြင်ပါသလဲ။
ဘီစီ ၆၂၄
ဗုဒ္ဓရဲ့ ဖခင်နာမည်ကို ပြောပြပါ။
သုဒ္ဓေါဒနမင်းကြီး
ဗုဒ္ဓရဲ့ မိခင်နာမည်ကိုပြောပြပါ။
မာယာဒေ၀ီ
ဗုဒ္ဓကိုမွေးဖွားပြီးတဲ့နောက် ဘယ်လောက်အကြာမှာ မယ်တော် ကွယ်လွန်ပါသလဲ။
၇ ရက်

မယ်တော်ကွယ်လွန်ပြီးတဲ့နောက် ဗုဒ္ဓကိုမိခင်နေရာမှာ ဘယ်သူပြုစု စောင့်ရှောက်ခဲ့ပါသလဲ။
မိထွေးတော် ဂေါတမီ
ဗုဒ္ဓရဲ့အမျိုးအနွယ်အမည်ကဘာလဲ။
သကျသာကီဝင်
ဗုဒ္ဓရဲ့ ဘွဲ့နာမတော်ကဘာလဲ။
ဂေါတမ
ဗုဒ္ဓဖွားမြင်တော်ပြီးတဲ့နောက် ဘုရားဖြစ်ကိုဖြစ်ရမယ် လို့ ဟောကိန်းထုတ်ခဲ့တဲ့ ဗေဒင်ဆရာရဲ့နာမည်ကို ပြောပြပါ။
ကောဏ္ဍညအမတ်

ဗုဒ္ဓရဲ့ ငယ်နာမည်ကို ပြောပြပါ။
သိဒ္ဓတ္ထ
ဗုဒ္ဓရဲ့ မွေးရပ်မြေကို ပြောပြပါ။
ကပိလ၀တ်ပြည်၊ လုမ္ဗိနီဥယျာဉ်
၁၀
ဗုဒ္ဓဟာ ဘာနေ့သားလဲ။
သောကြာ
၁၁
ဗုဒ္ဓအသက်ဘယ်နှစ်နှစ်မှာ ထိမ်းမြားမင်္ဂလာပြုခဲ့ပါသလဲ
၁၆ နှစ်
၁၂
သိဒ္ဓတ္ထရဲ့ ကြင်ယာသက်ထားက ဘယ်သူပါလဲ။
ယသောဓရာ
၁၃
ဗုဒ္ဓအသက်ဘယ်နှစ်နှစ်မှာ ထီးနန်းစွန့်ပြီး တောထွက်ခဲ့သလဲ။
၂၉  နှစ်
၁၄
ဗုဒ္ဓတောထွက်ချိန်မှာ ကလေးရှိ/မရှိ။ ရှိလျှင်ကလေးရဲ့ အမည်က ဘာလဲ
ရှိပါသည်။ အမည်=ရာဟုလာ
၁၅
တောမထွက်ခင် ဗုဒ္ဓမြင်တွေ့ခဲ့တဲ့ နိမိတ်ကြီးလေးပါးကို ပြောပြပါ။
သူအို၊ သူနာ၊ သူသေ၊ ရဟန်း
၁၆
ဗုဒ္ဓတောထွက်တဲ့အခါ ဘာယာဉ်ရထားကို စီးပြီးထွက်တာလဲ။
မြင်းစီး၍ထွက်သည်။
၁၇
တောထွက်ရာမှာ ဗုဒ္ဓနဲ့အတူ ဘယ်သူတွေပါသွားသေးလဲ။
ဆန္နအမတ်
၁၈
တောထွက်ပြီးတဲ့နောက် ဘယ်လောက်ကြာကြာ တရားကျင့်ပြီးမှ ဘုရားဖြစ်သလဲ။
၆ နှစ်
၁၉
တောထွက်ပြီးနောက် တရားကျင့်တော့ ဗုဒ္ဓရဲ့လက်ဦးတရားပြဆရာက ဘယ်သူတွေလဲ
အာဠာရနဲ့ဥဒကရသေ့
၂၀
ဗုဒ္ဓဘုရားဖြစ်ဘို့ တရားကျင့်ခဲ့တဲ့ တောကြီးရဲ့နာမည်ကိုပြောပြပါ။
ဥရုဝေဠတော
၂၁
ဗုဒ္ဓဘုရားဖြစ်ခဲ့တဲ့နေရာဟာ ယခုခေတ်အခေါ်နဲ့ ဘာမြို့လို့ခေါ်ပါသ လဲ။
ဗုဒ္ဓဂါယာ
၂၂
ဘုရားဖြစ်ပြီးပြီးချင်း ဗုဒ္ဓကိုအလျင်ဦးဆုံးဖူးမျှော်ခွင့်ရခဲ့တဲ့ မြန်မာ နိုင်ငံသား ၂ ယောက်ကိုအသင်သိပါသလား။ နာမည်ပြောပြပါ။
တဖုဿ နဲ့ ဘလ္လိက

၂၃
အဲဒီမြန်မာနိုင်ငံသား ၂ ယောက်ကို ဗုဒ္ဓကဘာတွေချီးမြှင့်ခဲ့သလဲ။
ဆံတော်ရှစ်ဆူ
၂၄
ဘုရားဖြစ်ပြီးတဲ့နောက် ဗုဒ္ဓကိုအရင်ဆုံးဖူးမြှော်ခွင့်ရတဲ့ ဘုရင်ရဲ့ အမည်အသင်သိပါသလား။
ဗိမ္ဗိသာရမင်း

၂၅
ဘုရားဖြစ်ပြီးတဲ့နောက် တရားမဟောချင်တဲ့ဗုဒ္ဓကို တရားဟောလာ အောင် ဘယ်သူကတောင်းပန်လျှောက်ထား တိုက်တွန်းခဲ့ပါသလဲ။
သဟမ္ပတိဗြဟ္မာကြီး

၂၆
ဘုရားဖြစ်ပြီးတဲ့နောက် ပထမဦးဆုံးသောတရားဦးကို ဘယ်နေရာမှာ ဟောကြားခဲ့ပါသလဲ။
ဗာရာဏသီမြို့ မိဂဒါဝုန်တော
၂၇
မြတ်စွာဘုရား ပထမဦးဆုံး ဟောကြားတော်မူခဲ့တဲ့ တရားတော်ရဲ့ အမည်နာမကို ပြောပြပါ။
ဓမ္မစကြာတရား

၂၈
မြတ်စွာဘုရား ဓမ္မစကြာတရားကို ဘယ်သူ့ကိုဟောကြားခဲ့ပါသလဲ။
ပဉ္ခ၀ဂ္ဂီ ၅ ဦး
၂၉
ပဉ္ခ၀ဂ္ဂီ ၅ ဦးတို့ရဲ့အမည်များကို ပြောပြပါ။
ကောဏ္ဍည၊ ဘဒ္ဒိယ၊ ၀ပ္ပ၊ မဟာနာမ်၊ အဿဇိ
၃၀
ဗုဒ္ဓရဲ့သားတော်ရာဟုလာ အသက်ဘယ်နှစ်နှစ်မှာ သာသနာ့ဘောင် ထဲ ၀င်ခဲ့သလဲ။
၇ နှစ်
၃၁
ဘုရားကိုသော်မှ ရန်ပြုလုပ်ကြံတဲ့ ရဟန်းတပါးကို အသင်သိ သလား။
ဒေ၀ဒတ်
၃၂
ဒေ၀ဒတ်ရဲ့တပည့် ဘုရင်တပါးရဲ့နာမည်ကိုပြောပြပါ။
အဇာတသတ်မင်း
၃၃
ဒေ၀ဒတ်ကဘုရားကို ဘယ်လိုလုပ်ကြံသတ်ဖြတ်ဘို့ ကြိုးပမ်းခဲ့ပါသလဲ။
၁။ အဇာတသတ်နဲ့ပူးပေါင်းပြီး အရက်မူး နေတဲ့ဆင်ကိုဘုရားအားနင်းသတ်စေခြင်း
၂။ ဂိဇ္ဈကုဋ်တောင်ခြေတွင် စင်္ကြံလျှောက် နေသောမြတ်စွာဘုရားအားတောင်ထိတ်မှ ကျောက်တုံးလှိမ့်ချသတ်ဖြတ်ခြင်း

၃၄
ဘုရားအားနင်းသတ်ရန် ဒေ၀ဒတ်စေလွှတ်လိုက်တဲ့ ဆင်ရဲ့နာမည် ကို ပြောပြပါ။
နာဠာဂီရိဆင်
၃၅
ဘုရားကိုစွန့်ခွါလမ်းခွဲသွားတဲ့ ဒေ၀ဒတ်ရဲ့နောက်ကို သံဃာဘယ်နှစ် ပါး လိုက်ပါသွားသလဲ။
သံဃာ ၅၀၀
၃၆
ဗုဒ္ဓနဲ့ဒေ၀ဒတ် အမျိုးတော်စပ်ပါသလား။
ဒေ၀ဒတ်သည် ဗုဒ္ဓ၏ယောက်ဖတော် ဖြစ် ပါသည်။
၃၇
ဗုဒ္ဓဟာ ဘုရားအဖြစ်နဲ့ ဘယ်နှစ်နှစ်နေခဲ့ပါသလဲ။
၄၅ ၀ါဖြစ်ပါသည်။
၃၈
သက်တော်ဘယ်လောက်မှာ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သလဲ။
၈၀
၃၉
ခရစ်သက္ကရာဇ် ဘယ်နှစ်ခုနှစ်မှာ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပါသလဲ။
ဘီစီ ၅၄၄
၄၀
ဗုဒ္ဓဟာ ဘယ်လိုရောဂါခံစားရပြီး ပရိနိဗ္ဗာန်ပြုခဲ့ပါသလဲ။
ဝမ်းတော်လားပါသည်။
၄၁
ဗုဒ္ဓပရိနိဗ္ဗာန်ပြုခဲ့တဲ့ မြို့နာမည်ကိုပြောပြပါ။
ကုသိနာရုံမြို့
၄၂
ဗုဒ္ဓကို နောက်ဆုံးအချိန်ထိ အလုပ်အကျွေးပြုခဲ့တဲ့ တပည့်သာဝက တပါးရဲ့အမည်ကို ပြောပြပါ။
အရှင်အာနန္ဒာ

၄၃
အရှင်အာနန္ဒာသည် ဗုဒ္ဓနဲ့ ဘယ်လိုတော်စပ်ပါသလဲ။
ဗုဒ္ဓရဲ့ညီတော်
၄၄
ဗုဒ္ဓရဲ့ လက်ဝဲရံ လက်ယာရံ တပည့်သာဝကကြီး ၂ ပါးရဲ့ အမည်ကို ပြောပြပါ။
အရှင်သာရိပုတ္တရာ နှင့် အရှင်မဟာမောဂ္ဂလာန်
၄၅
ဗုဒ္ဓသာသနာမှာ ပညာအရာအတော်ဆုံးပုဂ္ဂိုလ်ကိုပြောပြပါ။
အရှင်သာရိပုတ္တရာ
၄၆
ဗုဒ္ဓသာသနာမှာ တန်ခိုးဣဒ္ဓိပါဒ် အကြီးဆုံးပုဂ္ဂိုလ်ကို ပြောပြပါ။
အရှင်မဟာမောဂ္ဂလာန်
၄၇
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က သူ့အားအမြဲတစေ ဆေး ကုပေးတဲ့ ဆေးဆရာတယောက်ရဲ့နာမည်ကို အသင်သိပါသလား။
ဆရာဇီဝက

၄၈
မြတ်စွာဘုရား လက်ထက်က ဘုရားနဲ့တကွ သံဃာတော်တွေ အလွန် အားကိုးရတဲ့ ကျောင်းဒကာမကြီးတဦးရဲ့ နာမည်ကို အသင် သိပါသလား။ 
ကျောင်းအမကြီး ၀ိသာခါ

၄၉
မြတ်စွာဘုရား ပရိနိဗ္ဗာန်မပြုခင် နောက်ဆုံးဘာမိန့်မှာခဲ့သလဲ။
အပ္ပမာဒေန သမ္ပာဒေထ (မမေ့ကြပါနဲ့၊ သတိရှိကြပါ။)
၅၀
ဗုဒ္ဓရဲ့ဆွေတော်မျိုးတော်ဖြစ်လျက်နဲ့ မြေအမျိုခံလိုက်ရတဲ့လူကို အသင်သိပါသလား။
သုပ္ပဗုဒ္ဓမင်းကြီး

၅၁
သုပ္ပဗုဒ္ဓသည် ဗုဒ္ဓနဲ့ဘယ်လိုတော်စပ်ပါသလဲ။
ဗုဒ္ဓရဲ့ယောက္ခမတော်ဖြစ်ပါသည်။
၅၂
ဗုဒ္ဓဘာသာဝင်တွေအတွက် သီတင်းကျွတ်လပြည့်နေ့ဟာ ဘာကြောင့် နေ့ထူးနေ့မြတ်ဖြစ်ပါသလဲ။
ဒီနေ့မှာ မြတ်စွာဘုရား အဘိဓမ္မာတရား ဟောကြားလို့။
၅၃
သီတင်းကျွတ်လပြည့်နေ့မှာ ရဟန်းတော်တွေဘာလုပ်ကြပါသလဲ။
ပ၀ါရဏာပြုကြပါသည်။
၅၄
ရဟန်းတော်များ စောင့်ထိန်းရမယ့် သိက္ခာပုဒ် ဘယ်လောက်ရှိသ လဲ။
၂၂၇
၅၅
ရဟန်းတော်များ အသက်တမျှ စောင့်ထိန်းရမည့် ပါရာဇိက အာပတ် ၄ မျိုးကို အသင်သိပါသလား။
၁။ မေထုန်မှီဝဲခြင်း ၂။ ခိုးခြင်း ၃။ လူသတ် ခြင်း ၄။ ဈာန်မဂ်ဖိုလ်တရားကို မရဘဲ ရတယ်လို့ လိမ်ပြောခြင်း
၅၆
ဗုဒ္ဓဘာသာဝင်တို့ မမေ့မလျော့ပြုလုပ်သင့်တဲ့အလုပ်ကိုပြောပြပါ။
ဒါန၊ သီလ၊ ဘာဝနာ
၅၇
ဘာဝနာ ဘယ်နှစ်မျိုးရှိပါသလဲ။
၂ မျိုး။ သမထဘာဝနာနဲ့ ၀ိပဿနာ ဘာဝနာ
၅၈
ဗုဒ္ဓဘာသာဝင်တိုင်း လိုက်နာစောင့်ထိန်းရမယ့် ငါပါးသီလကိုပြော ပြပါ။
၁။ အသက်မသတ်ခြင်း ၂။မခိုးမတိုက်ခြင်း ၃။   သူ့အိမ်ရာကိုမလွန်ကျူးခြင်း ၄။ မလိမ် ခြင်း ၅။ မူးယစ်ဆေးမသုံးခြင်း
၅၉
ဗုဒ္ဓဘာသာဝင်တွေရဲ့ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်က ဘာလဲ
နိဗ္ဗာန်
၆၀
ကံသုံးပါးဆိုတာဘာလဲ။ အဓိပ္ပါယ်နဲ့တကွ ပြောပါ။
ကာယကံ၊ ၀စီကံ၊ မနောကံ။
ကာယကံ = ကိုထိလက်ရောက် ကျူးလွန် မှု၊ ၀စီကံ = နှုတ်ဖြင့်ကျူးလွန်မှု၊ မနောကံ= စိတ်နဲ့ပြစ်မှားမှု။

၆၁
ကာယကံ ဘယ်နှစ်မျိုးရှိသလဲ။

၃ မျိုး။ (ပါဏာတိပါတ = သူ့အသက် သတ်ခြင်း၊ အဒိန္နာဒါန = ခိုးခြင်း၊ ကာမေသုမိစ္ဆာစာရ = သူ့အိမ်ရာလွန်ကျူး ခြင်း)

၆၂
ဝစီကံဘယ်နှစ်မျိုးရှိသလဲ။
၎ မျိုး။ (မုသာဝါဒ = လိမ်ပြောခြင်း၊ ပိသုဏ၀ါစာ = ကုန်းတိုက်ပြောခြင်း၊ ဖရုသ၀ါစာ = ကြမ်းတမ်းစွာဆဲရေးခြင်း၊ သမ္ဖပ္ပလာပ = အတင်းပြောခြင်း)
၆၃
မနောကံဘယ်နှစ်မျိုးရှိသလဲ။

၃ မျိုး။ (အဘိဇ္ဈာ = သူတပါးပစ္စည်းကို မတရားကြံခြင်၊ ဗျာပါဒ = သူတပါးထိခိုက် သေကြေစေရန်ကြံခြင်း၊ မိစ္ဆာဒိဋ္ဌိ = အယူ ၀ါဒမှောက်မှားခြင်း)
၆၄
ရဟန်းတို့ရဲ့အသုံးအဆောင် ပရိက္ခရာရှစ်ပါးကိုပြောပြပါ။
၁။ သင်းပိုင် ၂။ ဧကသီ ၃။ ဒုကုဋ်
၎။ သပိတ် ၅။ ခေါင်းရိတ်ဓား ၆။ အပ်နဲ့ အပ်ချည် ၇။ ခါးပန်းကြိုး ဂ။ ရေစစ်
၆၅
သံဃာတော်များအတွက် အရေးကြီးအခြေခံလိုအပ်ချက် ပစ္စည်း ၄ ပါးကို အသင်သိပါသလား။
သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး
၆၆
ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ တရားတော်တွေဟာ နောက်ပိုင်းမှာ ဘယ်လိုအမည်နာမနဲ့ ထင်ရှားလာပါသလဲ။
ပိဋကသုံးပုံ
၆၇
ပိဋကသုံးပုံကို ရေတွက်ပြပါ။
ဝိနည်းပိဋက၊ သုတ္တန်ပိဋက၊ အဘိဓမ္မာ ပိဋက
၆၈
မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးတဲ့နောက် သာသနာမှာ အင်မတန်ထင် ရှားခဲ့တဲ့ သာသနာပြုမင်းတပါးရဲ့ အမည်ကို ပြောပြပါ။

အသောကမင်းကြီး

၆၉
အသောကမင်းကြီးရဲ့ သမိုင်းတွင်တဲ့ လုပ်ဆောင်ချက်များကို တိုတို လေးပြောပြပါ။
စေတီပေါင်း ၈၄၀၀၀ ကျောင်းပေါင်း ၈၄၀၀၀၊   ရေတွင်းရေကန်ပေါင်း ၈၄၀၀၀ ပြုလုပ်ခဲ့ပြီး ကိုးတိုင်းကိုးဌာနသို့ သာသနာ ပြုစေလွှတ်ခဲ့ပါတယ်။
၇၀
မြန်မာနိုင်ငံမှာ ထေရ၀ါဒသာသနာ ဘယ်တုံးက စတင်ရောက် ရှိခဲ့ပါသလဲ။
အသောကမင်းစေလွှတ်ခဲ့တဲ့ ကိုးတိုင်းကိုး ဌာန သာသနာပြုရဟန်းတော်များ ရောက် လာခဲ့အပြီး ထေရ၀ါဒသာသနာ စတင် ရောက်ရှိပါတယ်။
၇၁
မြတ်စွာဘုရားကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့ခဲ့တဲ့ မိန်းမ တယောက်ရဲ့ နာမည်ကိုပြောပြပါ။

စိဉ္ခမာန

၇၃
ဘုရားနဲ့ပညာပြိုင်ရာမှာ ဘုရားကမျက်ခုံးမွှေးအပေါ် စင်္ကြံလျှောက်ခဲ့ တဲ့ ပုဂ္ဂိုလ်ကိုအသင်သိပါသလား။
ဗကဗြဟ္မာ

၇၄
မြတ်စွာဘုရားသဗ္ဗညုတဥာဏ်တော်ကို သစ်ပင်တစ်ပင်အောက်မှာ တရားထိုင်ရင်း ရရှိတော်မူတယ်လို့ ဆိုပါတယ်။ အဲဒီသစ်ပင်က ဘာအပင်လဲ။
ဗောဓိညောင်ပင်

၇၅
ဗုဒ္ဓဘာသာဝင်တွေ ကဆုန်လပြည့်နေ့မှာဘာအဓိပ္ပါယ်နဲ့   ဗောဓိ ညောင်ပင်ကို ရေသွန်းလောင်းကြသလဲ။
မြတ်စွာဘုရားအောင်မြင်သလို အောင်မြင် ကြပါစေဆိုတဲ့အဓိပ္ပါယ်နဲ့ ရေသွန်းလောင်း ကြပါတယ်။
၇၆
သရဏံဂုံသုံးပါးကို ပြောပြပါ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။
၇၇
အနန္တော အနန္တငါးပါးကို ပြောပြပါ။
ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ။
၇၈
ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်တွေ ဘယ်နှစ် ပါးရှိပါသလဲ။
ဘုရားဂုဏ်တော် ၉  ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာ့ဂုဏ်တော် ၉  ပါး။
၇၉
အလွယ်ကူဆုံးနဲ့ အတိုဆုံးဘုရားရှိခိုးတပုဒ်ကို ရေးပြပါ (ရွတ်ပြပါ)။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
၈၀
ဘုရားသသနာမှာ လူဆိုးလူမိုက်လူသတ်သမားဘ၀မှ ရဟန္တာဖြစ် သွားတဲ့ပုဂ္ဂိုလ် တယောက်ကို အသင်သိပါသလား။
အဂုုၤလိမာလ
၈၁
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် အများဆုံးသီတင်းသုံးနေထိုင် ခဲ့တဲ့ကျောင်းရဲ့ အမည်ကိုအသင်သိပါသလား။
သာဝတ္ထိပြည် ဇေတ၀န်ကျောင်း

၈၂
မင်္ဂလာတရား ဘယ်နှစ်ပါးရှိပါသလဲ။
၃၈ ပါး
၈၃
ဗြဟ္မစိုရ်တရား လေးပါးကိုပြောပြပါ။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ
၈၄
ပါရမီ ၁၀ ပါးကိုပြောပြပါ။
ဒါန၊ သီလ၊ နိက္ခမ္မ၊ ပညာ၊ ၀ီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန၊ မေတ္တာ၊ ဥပေက္ခာ။
၈၅
သစ္စာလေးပါးကိုပြောပြပါ။
ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ။
၈၆
မြတ်စွာဘုရား ပါရမီတော်ဖြည့်ကျင့်စဉ်ကာလကျင့်သုံးခဲ့သော စရိယသုံးပါးကို ပြောပြပါ။
လောကတ္ထစရိယ၊ ဥာတတ္ထစရိယ၊ ဗုဒ္ဓတ္ထ စရိယ။
၈၇
လောကသုံးပါးကို ပြောပြပါ။
သတ္တလောက၊ သင်္ခါရလောက၊ သြကာသ လောက။
၈၈
အပါယ်လေးပါးကို ပြောပြပါ။

ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်။
၈၉
ငရဲဘယ်နှစ်ထပ် ရှိပါသလဲ။ ရေတွက်ပြပါ။
ရှစ်ထပ်။  သိဉ္ဇ၀ငရဲ၊ ကာလသုတ်ငရဲ၊ သင်္ဃာတငရဲ၊ ရောရုဝငရဲ၊ မဟာရောရုဝ ငရဲ၊ တာပနငရဲ၊ မဟာတာပနငရဲ၊ အ၀ီစိ ငရဲ။
၉၀
နတ်ပြည် ၆ ထပ်ကိုပြောပြပါ။
စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတ၀သ၀တ္တိ။
၉၁
ကမ္ဘာမှာ ထေရ၀ါဒဗုဒ္ဓဘာသာ ဘယ်နှစ်နိုင်ငံရှိပါလဲ၊ ရေတွက်ပြပါ။
၅ နိုင်ငံ။ (မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ)
၉၂
ဗုဒ္ဓသာသနာသမိုင်းတွင် သင်္ဂါယနာ ၆ ခုမှတ်တမ်း ရှိခဲ့ရာ မြန်မာနိုင်ငံ မှာ ဘယ်နှစ်ခုပြုလုပ်ခဲ့ပါသလဲ၊ ခုနှစ်နဲ့တကွ ပြောပြပါ။

ပဉ္စမသင်္ဂါယနာ … မင်းတုန်းမင်းလက် ထက် ၁၈၇၁ ခု၊ ဆဋ္ဌသင်္ဂါယနာ … ဦးနု လက်ထက် ၁၉၅၄ ခု။
၉၃
သင်္ဂါယနာတင်တယ်ဆိုတာဘာလဲ
ဗုဒ္ဓရဲ့တရားတော်များ မူရင်းအတိုင်း မပျောက်ပျက်အောင် ထိန်းသိမ်းဘို့ သံဃာတော်များ စုပေါင်းရွတ်ဖတ်ခြင်း
၉၄
ရဟန်းတို့ရဲ့အသုံးအဆောင် ပရိက္ခရာရှစ်ပါးကိုပြောပြပါ။
၁။ သင်းပိုင် ၂။ ဧကသီ ၃။ ဒုကုဋ် ၄။ သ ပိတ် ၅။ ခေါင်းရိတ်ဓား ၆။ အပ်နဲ့အပ်ချည် ၇။ ခါးပန်းကြိုး ဂ။ ရေစစ်
၉၅
ရန်သူမျိုးငါးပါးဟာဘာလဲ။
မီး၊ မင်း၊ သူခိုး၊ ရေ၊ အမွေခံသားဆိုးသမီး ဆိုး
၉၆
ရှိခိုးရာ၌ထားရှိရမယ့် ကိုယ်အင်္ဂါအနေထားငါးပါး (ထိခြင်း ငါးပါး)ကို အသင်သိပါသလား။
ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး အင်္ဂါငါးပါးတို့   ကြမ်းပြင်နဲ့ ထိရပါမယ်။
၉၇
လောကဓံတရား ဘယ်နှစ်ပါးရှိပါသလဲ။ ရေတွက်ပြပါ။
၁။ လာဘော = လာဘ်ရခြင်း ၂။ အလာ ဘော = လာဘ်မရခြင်း ၃။ ယသော = အခြွေအရံပေါခြင်း ၄။ အယသော = အခြွေအရံမရှိခြင်း ၅။ နိန္ဒာ = ကဲ့ရဲ့ခြင်း  ၆။ ပသံသာ = ချီးမွမ်းခြင်း ၇။ သုခံ = ချမ်းသာခြင်း  ၈။ ဒုက္ခံ = ဆင်းရဲခြင်း

၉၈
အခု သာသနာသက္ကရာဇ် ဘယ်နှစ်ခုနှစ်ရောက်ရှိနေပြီလဲ။
၂၅၅၆
၉၉
ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဆိုပြီး ဘာလို့ခေါ်ဆိုရသလဲ။
ကဆုန်လပြည့်နေမှာ ဗုဒ္ဓမွေးဖွားတယ်၊ ဘုရားဖြစ်တယ်၊ ပရိနိဗ္ဗာန်ပြုတယ်။ ဒါကြောင့်ဗုဒ္ဓနေ့ ခေါ်တယ်။
၁၀၀
ဗုဒ္ဓနဲ့ယေရှုခရစ် ဘယ်သူကစောပြီးပေါ်ပေါက်လာသလဲ။ ဘယ်နှစ် နှစ်လောက် ကွာပါသလဲ။
ဗုဒ္ဓက နှစ်ပေါင်း ၅၄၄ နှစ်စောပြီး ပေါ်ပေါက်ပါသည်။

No comments:

Post a Comment